မတ်လဆန်းကစတင်ကာ ဗဟိုမိုဘိုင်းပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register -CEIR ) စတင်တော့မယ်လို့ ကြေညာထားပြီး မိုဘိုင်းဖုန်းတွေကို အခွန်ပေးအခွန်ပေးဆောင်စရာမလိုဖို့အတွက် မတ်လ ၃၁ ရက် နောက်ဆုံးထားကာ ဆင်းမ်ကတ်ထည့် အသုံးပြုထားဖို့ ကြေညာထားပါသည်။တကယ်လို့ ဆင်းမ်ကတ်ထည့်သုံးထားတာမရှိရင် ဧပြီ ၁ရက်ကစပြီး မိုင်ဘိုင်ဖုန်းတွေအတွက် ဒဏ်ကြေးငွေပေးဆောင်ရမှာ ဖြစ်ပါသည်။ဒါကြောင့် ပြည်သူတွေက ကြောက်လန့်တကြားနဲ့ ဖုန်းဆင်းမ်ကတ်တွေ e SIM တွေကို တန်းစီဝယ်ယူနေကြရတာပါ။မြန်မာပလာဇာမှာရှိတဲ့ MPT ၊ ATOM နဲ့ U9 ကောင်တာတွေမှာ ဆင်းမ်ကတ်ဝယ်ယူဖို့နဲ့ e SIM ဝယ်ယူသူတွေ နေ့စဉ် ရာနဲ့ချီပြီး လာရောက်ဝယ်ယူနေတယ်လို့ အော်ပရေတာ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ATOMဆိုင်မှာဆိုရင် e SIM ပြောင်းလဲပေးဖို့ ပစ္စည်းပြတ်သွားတယ်လို့ မတ်လ ၂၉ ရက်မှာဝန်ထမ်းတစ်ဦးက လာရောက်ဝယ်ယူသူတွေကို ရှင်းပြနေပါတယ်။



