ကမ္ဘာအပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့ ပါဝင်လာကြောင်း သိရသည်။ထုတ်ပြန်ချက်စာရင်းအရ မင်းဘူးမြို့သည် အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီစင်တီငရိတ်ဖြင့် ဒုတိယနေရာတွင် ရှိနေပြီး တောင်ငူမြို့မှာ ၄၁ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် ၁၃ နေရာ၌ ရှိနေကြောင်း သိရသည်။



