back

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ မက်ဂွိုင်းရား တစ်နေရာရဖို့ မသေချာ

Mar 30 • 4:20 AM

breaking-news

Myanmar

International

cover

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ မက်ဂွိုင်းရား တစ်နေရာရဖို့ မသေချာ

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ မက်ဂွိုင်းရား ရွေးချယ်ခံရဖို့ မသေချာဘူးလို့ သိရပါတယ်။မက်ဂွိုင်းရားဟာ ပြီးခဲ့တဲ့သောကြာနေ့က ဥရုဂွေးန...

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ မက်ဂွိုင်းရား ရွေးချယ်ခံရဖို့ မသေချာဘူးလို့ သိရပါတယ်။မက်ဂွိုင်းရားဟာ ပြီးခဲ့တဲ့သောကြာနေ့က ဥရုဂွေးနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာ တူဟယ်လ်လက်အောက် ပထမဆုံးကစားခွင့် ရခဲ့ပါတယ်။အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုလည်း ရခဲ့ပါတယ်။ဒါပေမဲ့ တူဟယ်လ်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ထိပ်တန်းဦးစားပေး နောက်ခံအတွင်းလူ လေးယောက်မှာ မက်ဂွိုင်းရားမပါဝင်ဘူးလို့အတိအလင်း ပြောခဲ့တာပါ။၎င်းက သူ့ရဲ့ဦးစားပေးလေးဦးမှာ ကွန်ဆာ၊ ဂူဟီ၊ ချာလိုဘာနဲ့ ဂျွန်စတုန်းစ်တို့ဖြစ်ကြောင်း ဖွင့်ဟခဲ့တာဖြစ်တယ်။မက်ဂွိုင်းရား(၃၃ နှစ်)ဟာ အင်္ဂလန်အသင်းအတွက် ၆၅ ပွဲကစားကာ ခုနစ်ဂိုး သွင်းယူထားပါတယ်။

news-view-count-icon

12