back

မန္တလေးမှာ စည်ပင်အခွန်အခတွေ တိုးမြှင့် ကောက်ဖို့ ကြေငြာထားသည်ဟု ဒေသခံများဆို

Mar 30 • 4:16 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးမှာ စည်ပင်အခွန်အခတွေ တိုးမြှင့် ကောက်ဖို့ ကြေငြာထားသည်ဟု ဒေသခံများဆို

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မ တီဟာ လာမယ့် ဧပြီကစပြီး မြို့တွင်းရှိ အခွန်အခနှုန်းထားတွေကို တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာပါတယ်။ စည်ပင်ရဲ့ ထုတ်ပြန်ချက်အရ လာမ...

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မ တီဟာ လာမယ့် ဧပြီကစပြီး မြို့တွင်းရှိ အခွန်အခနှုန်းထားတွေကို တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာပါတယ်။ စည်ပင်ရဲ့ ထုတ်ပြန်ချက်အရ လာမယ့်ဧပြီမှာစတင်မယ့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ နေအိမ်ပစ္စည်းခွန်၊ အမှိုက်ခွန်၊ မီးခွန်များသာမက ရေဖိုးရေခ၊ လမ်းဘေးဈေးသည်များရဲ့ ဈေးကောက်၊ ဆိုင်ခန်းလခနဲ့ ကား/ဆိုင်ကယ် ရပ်နားခအထိ ကဏ္ဍစုံမှာ အခွန်တိုးမြှင့်ဖို့ စီစဥ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် မြို့အဝင်ဂိတ်များမှာ ကောက်ခံတဲ့ လမ်းအသုံးပြုခတွေကိုပါ တိုးမြှင့်မယ်လို့ သိရပါတယ်။ယခုလို ကုန်စျေးနှုန်းများကြီးမြင့်နေတဲ့အပြင် စက်သုံးဆီရှားပါးမှုကြောင့်ပါ ပိုမိုကျပ်တည်းလာတာကြောင့် စည်ပင်ရဲ့အခွန်အခတိုးမယ့်ကြေညာချက်ကို ပြည်သူတွေ ဝေဖန်နေကြပါတယ်။

news-view-count-icon

12