back

မြောက်ဒဂုံမှာ ဆီတန်းစီတဲ့အမျိုးသားတစ်ဦး မူးလဲ

Mar 30 • 4:15 AM

breaking-news

Myanmar

Yangon

cover

မြောက်ဒဂုံမှာ ဆီတန်းစီတဲ့အမျိုးသားတစ်ဦး မူးလဲ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲသွားတာကြောင့် ကူညီပေးခဲ့ရတယ်လို့ အေးချမ်းဖြူစင် မေတ္...

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲသွားတာကြောင့် ကူညီပေးခဲ့ရတယ်လို့ အေးချမ်းဖြူစင် မေတ္တာရှင်လူမှူကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်။မတ်လ၂၉ ရက်နေ့လည်ပိုင်းမှာဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဘုရင့်နောင် လမ်းမပေါ်က Denko ဆီဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲခဲ့တာ ဖြစ်ပါတယ်။"လိုအပ်သည့်ကျန်းမာရေး ပြုစုစောင့်ရှောက်ခြင်းများ ပြုလုပ်ပေးပြီး မိသားစုနှင့် ဆက်သွယ်ကာနီးစပ်ရာ ပင်လုံဆေးရုံသို့ ပို့ဆောင်ကူညီ မှု့ပြုခဲ့ပါသည်"လို့ အထက်ပါအသင်းက ထုတ်ပြန်ထားပါတယ်။ရာသီဥတုပူပြင်းချိန်မှာ ဆီတန်းစီရတာကြောင့် ရန်ကုန်အပါအဝင် မြို့နယ်‌တော်တော်များများမှာ မူးလဲတာတွေ နဲ့ သေဆုံးမှုဖြစ်တာတွေအထိ ဖြစ်နေတာပါ။

news-view-count-icon

9