ရှမ်းပြည်နယ်၊လားရှိုးမြို့မှာ ဒေသခံတွေ ကိုယ်ထူကိုယ်ထ ဖမ်းဆီးရမိပြီး ရဲထဲအပ်ခဲ့တဲ့ သူခိုး ၂ ဦး ပြန်လွတ်လာပြီး ထပ်ခိုးလို့ ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။မတ်လ ၁၉ ရက်မှာ လားရှိုးမြို့ ရပ်ကွက် ၁၁ နေခြည်ကျောင်းအနီးက နေအိမ်ထဲ မီးစက်နဲ့ မီးကြိုး ဖြုတ်ဖို့လုပ်နေတဲ့ သူခိုး ၂ ဦးကို ရပ်ကွက်နေ လူထုတွေက လိုက်ဖမ်းခဲ့ပြီး ရဲလက်ထဲအပ်ခဲ့တဲ့ သူခိုး ၂ ဦးကို မတ်လ ၂၅ ရက်မှာ ရပ်ကွက် ၇ အတွင်း ပြန်လည်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လကလည်း လားရှိုးမြို့ ရပ်ကွက် ၁၂ မှာ သူခိုး ၂ ဦးကို ဒေသခံတွေက ကိုယ်ထူကိုယ်ထ ဖမ်းမိခဲ့ဖူးပါတယ်။ဒါ့အပြင် လက်ရှိအချိန်အထိ လားရှိုးမြို့မှာ ခိုးမှု၊ ပြန်ပေးစွဲမှု၊ လုယက်မှု၊ ဓါးပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေသလို လောင်းစကားရုံတွေ ပေါများလာပြီး မူးယစ်ဆေးဝါးလည်း အလွယ်တကူရနေတာကို တွေ့နေရပါတယ်
။


