back

ဒီဇာဘီကို နည်းပြအဖြစ် မခန့်အပ်ရန် စပါး အမျိုးသမီးပရိသတ်များအဖွဲ့ တောင်းဆို

Mar 30 • 4:08 AM

breaking-news

Myanmar

International

cover

ဒီဇာဘီကို နည်းပြအဖြစ် မခန့်အပ်ရန် စပါး အမျိုးသမီးပရိသတ်များအဖွဲ့ တောင်းဆို

စပါးအသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြသစ်အဖြစ် ဘရိုက်တန် နည်းပြဟောင်း ဒီဇာဘီကို ခန့်အပ်ဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ဒါပေမဲ့ စပါးအသင်းရဲ့ အမျိုးသမီးပရိ...

စပါးအသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြသစ်အဖြစ် ဘရိုက်တန် နည်းပြဟောင်း ဒီဇာဘီကို ခန့်အပ်ဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ဒါပေမဲ့ စပါးအသင်းရဲ့ အမျိုးသမီးပရိသတ်များအဖွဲ့ကတော့ ဒီဇာဘီကို မခန့်အပ်ဖို့ အသင်းကို တိုက်တွန်းထားပါတယ်။အကြောင်းရင်းကတော့ ဒီဇာဘီဟာ မာဆေးလ်အသင်းမှာရှိတုန်းက အဓမ္မပြုကျင့်ရန် ကြံစည်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မေဆင်ဂရင်းဝုဒ်ကို ခေါ်ယူခဲ့ရုံတင်မကဘဲ လူသိရှင်ကြား ရှေ့နေလိုက် ကာကွယ်ပြောဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ အဲဒီအမှုတွေကနေ စွဲချက်တွေ ရုပ်သိမ်းခံခဲ့ရလို လွတ်မြောက်လာတာဖြစ်ပေမဲ့ ဒီဇာဘီရဲ့ ပြောကြားချက်တွေဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို လျစ်လျူရှုရာ ရောက်သလို ဖြစ်နေတယ်လို ပရိသတ်အဖွဲ့အစည်းတွေက ယူဆနေကြတာပါ။

news-view-count-icon

12