back

လိုင်စင် ဖြင့်သာ ရောင်းချပေးသော နေ့တွင် တန်းစီနေသော ယာဉ် ပိုမိုများပြားလာ

Mar 29 • 5:32 AM

breaking-news

Myanmar

Local

breaking-news
cover

လိုင်စင် ဖြင့်သာ ရောင်းချပေးသော နေ့တွင် တန်းစီနေသော ယာဉ် ပိုမိုများပြားလာ

လိုင်စင်ဖြင့်သာ စတင် ရောင်းချပေးသော မတ်လ ၂၉ ရက် တွင် တန်းစီ စောင့်ဆိုင်းနေသော ယာဉ်များ ပိုမို များပြားလာနေကြောင်း သိရသည်။မတ်လ ၂၉ ရက် မနက်မိုးမလင်းခင် ၆ နာရီ မထိ...

လိုင်စင်ဖြင့်သာ စတင် ရောင်းချပေးသော မတ်လ ၂၉ ရက် တွင် တန်းစီ စောင့်ဆိုင်းနေသော ယာဉ်များ ပိုမို များပြားလာနေကြောင်း သိရသည်။မတ်လ ၂၉ ရက် မနက်မိုးမလင်းခင် ၆ နာရီ မထိုးခင် တောင်ကြီး တစ်မြို့လုံးရှိ boc ဆိုင်များတွင် တန်းစီ စောင့်ဆိုင်းနေသော ကားနှင့် ဆိုင်ကယ် တန်းရှည်လျားနေကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ boc ၃ ဆိုင်လုံးတွင် ကားနှင့် ဆိုင်ကယ်တန်းများ မိုးမလင်းခင်ထဲက တန်းစီစောင့်ဆိုင်းနေကြသလို ၊ မြို့ပြင်ရှိ ဆီဆိုင်များတွင်လည်း ကားနှင့် ဆိုင်ကယ်များ တန်းစီ စောင့်ဆိုင်းနေကြသည်ကိုလည်း မြင်တွေ့ရသည်။ထိုသို့ QR ဖြင့် ရောင်းချပေးသော်လည်း တန်းစီနေသော ယာဉ်တန်း နည်းမသွားဘဲ ပိုမို များပြားလာနေခြင်း ဖြစ်ကြောင်း တန်းစီသူတစ်ဦးက ပြောသည်။မော်တော်ယာဉ် အင်ဂျင်ပါဝါ အလိုက် ရောင်းချပေးမည့် စနစ်ကို မတ်လ ၂၇ ရက် တွင် အသိပေးခဲ့ကာ ၊ QR ဖြင့်သာ ရောင်းချမည်ဖြစ်ကြောင်း မတ်လ ၂၉ ရက် တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။လောင်စာဆီ ဝယ်ယူရ ခက်ခဲလာသဖြင့် အောက်ခြေလူတန်းစားများ၊ နေ့စားလုပ်သားများ အပါအဝင် လူတန်းစားမျိုးစုံ ထိခိုက်မှုရှိကြောင်း ကြားသိရသည်လောင်စာဆီ ဝယ်ရ ခက်ခဲလာချိန် ပြင်ပတွင် တစ်ဘူး တစ်သောင်းနှစ်ထောင်ကျပ်အထိ ရောင်းကာ၊ ဓါတ်ဆီ ၅ ဂါလံ တစ်ပုံးလျှင် ၁၇၀,၀၀၀ ကျပ် ၊ တစ်သိန်း ခုနှစ်သောင်းကျပ်အထိ မှောင်ခိုစျေး ပေါက်နေကြောင်း လိုင်းပေါ် တင်ရောင်းသူများထံမှ သိရသည်။

news-view-count-icon

15