မန္တလေးငလျင်ကြီး လှုပ်ခတ်မှု(၁)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ မတ်လ (၂၈)ရက် မွန်းလွဲ (၁၂)နာရီခွဲ အချိန်၌ စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ငလျင်ဒဏ်ခံစားရသူများနှင့် ကျင်းပခဲ့သည်။ငလျင် (၁)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ရုန်းကန်နိုးထလာသည့် ငလျင်ကြားမှ မြို့ရွှေစစ်ကိုင်း Video Clip ကို ပြသသည်။တက်ရောက်လာကြသူများက ငလျင်လှုပ်ခတ်ခဲ့သည့် နေ့လယ် (၁၂) နာရီ (၅၂) မိနစ်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် (၂)မိနစ်ခန့် ငြိမ်သက်ကြပြီး ငလျင်ဘေးဒဏ်မှ အသက်ရှင်လျက်လွတ်မြောက်လာသည့် ပြည်သူနှစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
Mar 29 • 4:06 AM
Myanmar
Sagaing
Share
| 17 | 0 | 0 | 0 |


