back

ရှမ်းပြည်နယ်ရှိမူဆယ်နဲ့ နမ့်ခမ်းမှာ သုံးရက်အတွင်း တရုတ်ယွမ် ၁၀၀ ကို ၆ သောင်းကျော်ကနေ ၆ သောင်းခွဲအထိ မြှင့်တက်လာ

Mar 29 • 2:26 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်ရှိမူဆယ်နဲ့ နမ့်ခမ်းမှာ သုံးရက်အတွင်း တရုတ်ယွမ် ၁၀၀ ကို ၆ သောင်းကျော်ကနေ ၆ သောင်းခွဲအထိ မြှင့်တက်လာ

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ မနေ့ မတ်လ ၂၇ ရက် မနက်ပိုင်းက တရုတ်ယွမ် ၁၀၀ ကို မြန်မာငွေ ၆ သောင်းခွဲအထိ ဈေးမြှင့်တက်လာတယ်လို့ ဒေသခံတွေက ပြော...

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ မနေ့ မတ်လ ၂၇ ရက် မနက်ပိုင်းက တရုတ်ယွမ် ၁၀၀ ကို မြန်မာငွေ ၆ သောင်းခွဲအထိ ဈေးမြှင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်မှာ ယွမ် ၁၀၀ ကို မြန်မာငွေ ၆၁,၀၀၀ ကျပ်ကနေ မနေ့ မတ်လ ၂၇ ရက်မှာတော့ ယွမ် ၁၀၀ ကို မြန်မာငွေ ၆ သောင်းခွဲအထိ ထိုးတက်လာတယ်လို့ မူဆယ်မြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။အလားတူ နမ့်ခမ်းမြို့နယ်မှာလည်း ယွမ် ၁၀၀ ကို မြန်မာငွေ ၆၄,၁၀၀ အထိ တက်လာတယ်လို့ နမ့်ခမ်းမြို့မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။လက်ရှိ နမ့်ခမ်းမှာ တရုတ်ငွေ ဝယ်ဈေး ယွမ် ၁၀၀ ကို ကျပ် ၆၄,၁၀၀ အထိရှိပြီး ရောင်းဈေးမှာ ယွမ် ၁၀၀ ကို ကျပ် ၆၈,၁၀၀ ကျော်အထိ ပေါက်ဈေး ရှိတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။တရုတ်ငွေဈေးဟာ အတက်အကျ မြန်နေပြီး ပုံမှန်မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

news-view-count-icon

9