လက်စတာစီးတီးအသင်းဟာ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်မှာ ကစားခဲ့စဉ်က ပေါင် ၇၁ ဒသမ ၁ သန်း အထိ အရှုံးပေါ်ခဲ့ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ဒါဟာ အရင်နှစ်ကထက် အရှုံးပမာဏ ပေါင် ၅၂ သန်းလောက် ပိုများလာတာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ နှစ် အတွင်း စုစုပေါင်းအရှုံး ပေါင် သန်း ၁၈၀ ကျော်အထိ ရှိလာခဲ့တာပါ။လတ်တလောမှာ လက်စတာအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ၆ မှတ် ဖြတ်တောက် ခံထားရသလို ချန်ပီယံရှစ်မှာလည်း တတိယတန်း (League One) ကို ထပ်မံ တန်းမဆင်းရဖို့ ရုန်းကန်နေရပါတယ်။အသင်းပိုင်ရှင် ခွန်တော့ပ်ကတော့ အသင်းဘဏ္ဍာရေးကို သူ့ရဲ့ကိုယ်ပိုင်ငွေကြေးနဲ့ ဆက်လက် ထောက်ပံ့သွားမယ်လို့ သိရပါတယ်။ 
Mar 29 • 1:33 AM
Myanmar
International
Share
| 14 | 0 | 0 | 0 |


