back

မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုး တောင်တက်ကားခ တိုးမြှင့်ထားသော်လည်း ဘုရားဖူးဝင်ရောက်မှု များဆဲဖြစ်

Mar 29 • 1:32 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုး တောင်တက်ကားခ တိုးမြှင့်ထားသော်လည်း ဘုရားဖူးဝင်ရောက်မှု များဆဲဖြစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး တောင်တက်ကားခကို တစ်ဦးလျှင် ကျပ် ၂,၀၀၀ နှုန်းဖြင့် တိုးမြှင့်ကောက်ခံသော်လည်း ဘုရားဖူးဝင်ရောက်မှု များပြား...

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး တောင်တက်ကားခကို တစ်ဦးလျှင် ကျပ် ၂,၀၀၀ နှုန်းဖြင့် တိုးမြှင့်ကောက်ခံသော်လည်း ဘုရားဖူးဝင်ရောက်မှု များပြားနေဆဲဟု ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။စက်သုံးဆီအခက်အခဲကြောင့် ကျိုက်ထီးရိုး တောင်တက်ကားခကို မတ်လ ၂၃ ရက်နေ့ကစပြီး ယခင် ခေါင်းခန်း ၉,၀၀၀ ကျပ်၊ အနောက်ခန်း ၇,၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံခဲ့ရာမှ ယခု ခေါင်းခန်း ၁၁,၀၀၀ ကျပ်၊ အနောက်ခန်း ၉,၀၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံနေသည်။“ဒီကြားရက်တွေမှာ ကျိုက်ထီးရိုးဘုရားဖူးတွေက ပုံမှန်အတိုင်းပဲ လာနေပါတယ်။ တစ်နေ့ဆို လူဦးရေ လေးငါးခြောက်ထောင်အထိ ဝင်ရောက်နေကြတယ်။ စက်သုံးဆီဂယက်ရှိနေပေမဲ့လည်း ဘုရားဖူးတွေက များနေဆဲပဲ။ ပိတ်ရက်မှာဆို ပိုတောင်များမယ်” ဟု ကျိုက်ထီးရိုးဂေါပက အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

news-view-count-icon

12