ပြင်းအား ၈.၂ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ဆဲ စစ်ဆေးရေးအရာရှိချုပ်ရုံး (SAO/สตง.) အဆောက်အအုံ ပြိုကျပျက်စီးခဲ့သည့်ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၈ ရက်) တွင် တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသူ ၉၃ ဦးနှင့် ပျောက်ဆုံးနေသူ ၃ ဦးတို့အတွက် ရည်စူး၍ ဘာသာရေးဆိုင်ရာ ဆုတောင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။လွန်ခဲ့သည့် တစ်နှစ် (၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်) က မြန်မာနိုင်ငံကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်သည် ကီလိုမီတာ ၁,၁၀၀ ကျော်ဝေးကွာသည့် ဘန်ကောက်မြို့အထိ တုန်ခါမှုသက်ရောက်ခဲ့ရာ၊ ဘတ်ငွေ နှစ်ဘီလီယံကျော် တန်ဖိုးရှိသည့် အဆိုပါ အဆောက်အအုံမှာ တစ်ခုတည်းသော ပြိုကျပျက်စီးသည့် အဆောက်အအုံ ဖြစ်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် သားဖြစ်သူ ဆုံးရှုံးခဲ့ရသည့် မိခင်ဖြစ်သူ မချလမ်သီ (Chalemsri Phromsa) ကလည်း တာဝန်ရှိသူများထံမှ ခိုင်လုံသော အဖြေနှင့် တရားမျှတမှုကို ယခုထက်တိုင် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။
ငလျင်ကြောင့် ထိုင်းနိုင်ငံရှိ စစ်ဆေးရေးအရာရှိချုပ်ရုံး (SAO) အဆောက်အအုံ ပြိုကျပျက်စီးခဲ့မှု ၁ နှစ်ပြည့် အခမ်းအနားကျင်းပ
Mar 28 • 8:06 AM
Thailand
Local News
Share
| 11 | 0 | 0 | 0 |


