ထိုင်းနိုင်ငံ ရနောင်းခရိုင် ရနောင်းအကောက်ခွန်ဆိပ်ကမ်းမှတစ်ဆင့် မြန်မာနိုင်ငံသား ၈၈ ဦး (အမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၂၁ ဦး) ကို မတ် ၂၅ ရက် နံနက် ၁၁နာရီခွဲတွင် ပြန်ပို့ခဲ့ ကြောင်း ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။
၎င်းတို့သည် ထိုင်းနိုင်ငံအတွင်းတွင်အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင်ထိန်းသိမ်းခံထားရသူများဖြစ်ကြောင်း သိရသည်။ ရနောင်းခရိုင် လ၀က ဒုတိယရဲမှူးကြီး၊ ရနောင်းခရိုင်အခြေစိုက်မြန်မာအလုပ်သမား သံအရာရှိနှင့် ပြည်နှင်ဒဏ်ပေးရေးကော်မတီဝင်များသည် ရနောင်းအကောက်ခွန် ဆိပ်ကမ်း၌ ရနောင်း-ကော့သောင်းလမ်းကြောင်းမှတစ်ဆင့်မြန်မာနိုင်ငံသား ၈၈ ဦးအား နေရပ်ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနထုတ်ပြန်ချက်အရ မတ် ၉ ရက်ကလည်း မြန်မာနိုင်ငံသား ၁၀၄ ဦးကို ရနောင်း-ကော့သောင်းလမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပြောင်းခဲ့သည်။


