back

နမ္မတီးတွင် သုံးရက်အတွင်း လူသတ်မှုနှစ်ကြိမ်ဖြစ်ပွား

Mar 27 • 4:53 PM

breaking-news

Myanmar

Kachin

cover

နမ္မတီးတွင် သုံးရက်အတွင်း လူသတ်မှုနှစ်ကြိမ်ဖြစ်ပွား

နမ္မတီးမြို့၊ မြတောင်ကျေးရွာ၊ ဆိပ်သာအနီးရှိ အခင်းတစ်ခုတွင် ယမန်နေ့က ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိခဲ့ပြီး ၂၄ ရက်နေ့ကလည်း အမျိုးသား...

နမ္မတီးမြို့၊ မြတောင်ကျေးရွာ၊ ဆိပ်သာအနီးရှိ အခင်းတစ်ခုတွင် ယမန်နေ့က ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိခဲ့ပြီး ၂၄ ရက်နေ့ကလည်း အမျိုးသားတစ်ဦး လုယက်သတ်ဖြတ်ခံခဲ့ရသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။မြို့လှရပ်ကွက်တွင်နေသူ အသက် ၅၉ ခန့်အရွယ်အမျိုးသားကို မတ်လ ၂၄ ရက်နေ့က လုယက်သတ်ဖြတ်ခဲ့သည့် တရားခံအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။သေဆုံးသူနှစ်ဦးစလုံးသည် ဓားဖြင့်ထိုးသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးကပြောသည်။ နမ္မတီးမြို့ပေါ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ တစ်ရက်ထက်တစ်ရက်ပိုမိုများပြားသောကြောင့် ခိုးဆိုးလုယက်မှုများလည်း ပိုမိုအဖြစ်များလာနေကြောင်း မြို့ခံများ၏ပြောပြချက်အရသိရသည်။



news-view-count-icon

13