back

မင်းလှမြို့နယ်ရှိ ၂၃၀ ကေဗွီ ရွှေတောင်-မင်းလှ- မြောင်းတကာ Double Circuit ဓာတ်အားလိုင်းမိုင်းခွဲဖျ-က်ဆီးခံရ

Mar 27 • 2:21 PM

breaking-news

Myanmar

Yangon

cover

မင်းလှမြို့နယ်ရှိ ၂၃၀ ကေဗွီ ရွှေတောင်-မင်းလှ- မြောင်းတကာ Double Circuit ဓာတ်အားလိုင်းမိုင်းခွဲဖျ-က်ဆီးခံရ

 မင်းလှမြို့နယ်ရှိ ၂၃၀ ကေဗွီ ရွှေတောင်-မင်းလှ- မြောင်းတကာ Double Circuit ဓာတ်အားလိုင်းအား ယနေ့ မတ် ၂၇ ရက်နံနက် ၁၁ နာရီ ၄၀ မိနစ်ကျော်ခန့်က မိုင်းခွဲဖျ-က်ဆီးခဲ့ကြ...


 မင်းလှမြို့နယ်ရှိ ၂၃၀ ကေဗွီ ရွှေတောင်-မင်းလှ- မြောင်းတကာ Double Circuit ဓာတ်အားလိုင်းအား ယနေ့ မတ် ၂၇ ရက်နံနက် ၁၁ နာရီ ၄၀ မိနစ်ကျော်ခန့်က မိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ထိုသို့ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် တာဝါတိုင်အမှတ် (၃၁၁)နှင့် (၃၁၂)တို့ပြိုလဲခဲ့ရပြီး တာဝါတိုင်အမှတ် (၃၁၀)နှင့် (၃၁၃)တို့တိမ်းစောင်းခဲ့ကာ လိုင်းချို့ယွင်းမှု များဖြစ်ပွားလျက်ရှိ၍ ဓာတ်အားစနစ်အတွင်း မဂ္ဂါဝပ် ၄၀၀ ခန့်သယ်ဆောင်ပို့လွှတ်မှုလျော့နည်းသွားခဲ့ကြောင်း သိရသည်။ထို့ကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့အတွင်း အချို့အချိန်များနှင့် အချို့နေရာများတွင် ဝန်အားထိန်းညှိမှုများဆောင်ရွက်နေရသဖြင့် အဆင်မပြေမှုများအတွက်နားလည်သည်းခံပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက မေတ္တာရပ်ထားကြောင်း သိရသည်။





news-view-count-icon

14