back

စုံ/မ ကန့်သတ်ချက်ကြောင့် YBS စီးနင်းသူ နှစ်သိန်းကျော်တိုးမြင့်လာ

Mar 27 • 8:16 AM

breaking-news

Myanmar

Local

breaking-news
cover

စုံ/မ ကန့်သတ်ချက်ကြောင့် YBS စီးနင်းသူ နှစ်သိန်းကျော်တိုးမြင့်လာ

ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်မောင်းနှင်ခွင့်ကို စုံ/မ ကန့်သတ်ထားခြင်းကြောင့် YBS စီးနင်းသူ ဦးရေမှာ ယခင်ထက်နှစ်သိန်းကျော်တိုးမြင့်လာကြောင်း YRTC တွဲဖက်အတွင်းရ...

ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်မောင်းနှင်ခွင့်ကို စုံ/မ ကန့်သတ်ထားခြင်းကြောင့် YBS စီးနင်းသူ ဦးရေမှာ ယခင်ထက်နှစ်သိန်းကျော်တိုးမြင့်လာကြောင်း YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် ကပြောသည်။ယခုမတ်လဆန်းပိုင်းတွင် ယာဉ်လိုင်း ၁၃၂ လိုင်း၊ ယာဉ်စီးရေ ၃,၄၀၀ ခန့်ဖြင့်ပြေးဆွဲပေးနေချိန်တွင် လိုက်ပါစီးနင်းသူခရီးသည် ၁၄ သိန်းကျော်ရှိကြောင်း၊ စက်သုံးဆီကန့်သတ်ချက်ကြောင့် စုံ/မ ခွဲခြား လိုက်သည့်အချိန်တွင် ယာဉ်အစီးရေ ၁၀၀ ခန့်ထပ်မံတိုးမြှင့်ပြေးဆွဲထားရပြီး လိုက်ပါစီးနင်းသူခရီးသည် နှစ်သိန်းငါးသောင်းကျော်တိုးမြင့်လာသည်ဟုဆိုသည်။

အစီးရေတိုးအောင်တော့ ကြိုးစားနေတယ်။ spare parts တွေတင်သွင်းလို့မရတော့ ရှားပါးတော့ တချို့ ကားတွေကပြင်နေဆဲများတာ။ ပြင်ဖို့သူတို့ကိုလည်းပြောထားတယ်။ YRTC တို့ YUPT တို့ဆို အဲဒီကား တွေရဲ့ပြုပြင်ဆဲယာဉ်တွေကိုတိုးဖို့ ကျွန်တော်တို့အမြဲတမ်းတွန်းအားပေးတာရှိပါတယ်" ဟု ဦးလျန်ကျင့်မန်က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။လက်ရှိတွင် YBS စီးနင်းသူခရီးသည်တိုးမြင့်လာခြင်းကြောင့် ယာဉ်အစီးရေ ပိုမို တိုးချဲ့နိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် CNG သုံး YBS ယာဉ်များ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်း ပြေးဆွဲခြင်းမရှိဘဲ ကြိုပို့ဆောင်ရွက်ပါက CNG ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

21