မြန်မာ့ရော်ဘာများကို ပြည်ပတင်ပို့ရာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၂၈၀,၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့် ဝင်ငွေရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။တင်ပို့ထားသော ရော်ဘာများအနက် ၇၅ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပြီး ကျန်ရှိသော ပမာဏများကို မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် တောင်ကိုရီးယားနိုင်ငံများသို့လည်း တင်ပို့ခဲ့ကြောင်း သိရသည်။
လက်ရှိ ဘဏ္ဍာနှစ်အတွင်း ရော်ဘာတန်ချိန် စုစုပေါင်း ၃ သိန်းကျော် တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်းလည်း သိရသည်။မြန်မာနိုင်ငံတစ်ဝန်းတွင် ရော်ဘာစိုက်ပျိုးဧကပေါင်း ၁.၆ သန်းကျော် ရှိပြီး မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှာ အများဆုံး စိုက်ပျိုးထွက်ရှိကြောင်း သိရသည်။



