အင်္ဂလန်ဂန္ထဝင်ကစားသမား ဖရန့်လမ်းပတ်သည် လက်ရှိ ကိုဗင်ထရီအသင်းအား ချန်ပီယံရှစ်လိဂ်တွင် အမှတ်ပေးဇယားကို ဦးဆောင်စေကာ ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်ရန် နီးစပ်အောင် စွမ်းဆောင်ပေးထားနိုင်ခြင်းကြောင့် ၎င်း၏ကလပ်ဟောင်း ချယ်လ်ဆီးအသင်း၏ နည်းပြသစ်အဖြစ် ပြန်လည်ရေပန်းစားလာသည်။ လမ်းပတ်ကိုင်တွယ်နေသည့် ကိုဗင်ထရီအသင်းသည် ရာသီကုန်ရန် ၇ ပွဲအလိုတွင် ဒုတိယနေရာမှ မစ်ဒယ်ဘရော့အသင်းကို ၉ မှတ်ဖြတ်ကာ ဦးဆောင်နေခြင်းဖြစ်သည်။တစ်ဖက်တွင်လည်း ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလကမှ ၂၀၃၂ ခုနှစ်အထိ နှစ်ရှည်စာချုပ်ဖြင့် ခန့်အပ်ထားသည့် နည်းပြ ရိုစီနီယာ လက်ထက်တွင် ရလဒ်များ ဆိုးရွားနေခြင်းကြောင့် ၎င်းကို ရာထူးမှထုတ်ပယ်ရန် စဉ်းစားနေခြင်းဖြစ်သည်။ လမ်းပတ်သည် ချယ်လ်ဆီးအသင်းကို ၂၀၁၉ မှ ၂၀၂၁ အထိ တစ်ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် ယာယီနည်းပြအဖြစ် တစ်ကြိမ် ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါသည်။
| 12 | 0 | 0 | 0 |


