back

မောင်မောင်လွင်မပါတဲ့ ပထမဆုံးပွဲမှာ အာဖဂန်နစ္စတန်အသင်းကို အနုိင်ရခဲ့တဲ့ မြန်မာအသင်း

Mar 27 • 4:41 AM

breaking-news

Myanmar

International

cover

မောင်မောင်လွင်မပါတဲ့ ပထမဆုံးပွဲမှာ အာဖဂန်နစ္စတန်အသင်းကို အနုိင်ရခဲ့တဲ့ မြန်မာအသင်း

၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု (E) ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်အသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့ ယနေ့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၂-၁) ဂိုးဖြင့် အ...

၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု (E) ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်အသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့ ယနေ့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အသင်းခေါင်းဆောင် မောင်မောင်လွင် အနားယူသွားပြီးနောက်ပိုင်း ပထမဆုံးကစားသည့်ပွဲဖြစ်သလို ၂၀၂၆ ခုနှစ်အတွင်း မြန်မာအသင်း၏ ပထမဆုံး အိမ်ကွင်းနိုင်ပွဲလည်း ဖြစ်သည်။ ပွဲစဉ်အတွင်း အာဖဂန်နစ္စတန်အသင်းက ဦးဆောင်ဂိုးစတင်သွင်းယူခဲ့သော်လည်း မြန်မာအသင်းအတွက် ချေပဂိုးနှင့် အနိုင်ဂိုးများကို သန်းပိုင်နှင့် ခွန်ကျော်ဇင်ဟိန်းတို့က သွင်းယူပေးခဲ့ကြသည်။ မြန်မာအသင်းသည် ခြေစစ်ပွဲ ၅ ပွဲကစားအပြီးတွင် ရမှတ် ၉ မှတ် ရရှိထားသော်လည်း နှစ်သင်းစလုံးမှာ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

12