back

အမေရိကန် ဒေါ်လာငွေစက္ကူများတွင် သမ္မတ ထရမ့်၏ လက်မှတ်ကို ပထမဆုံးအကြိမ် ထည့်သွင်းရိုက်နှိပ်မည်

Mar 27 • 4:40 AM

breaking-news

Myanmar

International

cover

အမေရိကန် ဒေါ်လာငွေစက္ကူများတွင် သမ္မတ ထရမ့်၏ လက်မှတ်ကို ပထမဆုံးအကြိမ် ထည့်သွင်းရိုက်နှိပ်မည်

အမေရိကန်ပြည်ထောင်စု၏ သမိုင်းကြောင်းတွင် ပထမဆုံးအကြိမ်အဖြစ် လာမည့် အမေရိကန် ဒေါ်လာငွေစက္ကူများပေါ်တွင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် (Donald J. Trump) ၏ လက်မှတ်ကို ရိ...

အမေရိကန်ပြည်ထောင်စု၏ သမိုင်းကြောင်းတွင် ပထမဆုံးအကြိမ်အဖြစ် လာမည့် အမေရိကန် ဒေါ်လာငွေစက္ကူများပေါ်တွင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် (Donald J. Trump) ၏ လက်မှတ်ကို ရိုက်နှိပ်ထုတ်ဝေသွားမည်ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မတ်လ ၂၆ ရက်နေ့တွင် တရားဝင် ကြေညာလိုက်သည်။ဤအပြောင်းအလဲနှင့်အတူ နောက်ထပ် ထူးခြားချက်တစ်ခုမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၆၅ နှစ်ကတည်းက ဒေါ်လာငွေစက္ကူများပေါ်တွင် အစဉ်အလာတရပ်အနေဖြင့် ပါဝင်ခဲ့သည့် "အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးမှူး (Treasurer of the United States)" ၏ လက်မှတ်ကို ဖယ်ရှားသွားမည် ဖြစ်သည်။လာမည့် အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးရခြင်း နှစ် (၂၅၀) ပြည့် အထိမ်းအမှတ် (Semiquincentennial) ကို ဂုဏ်ပြုသောအားဖြင့် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။ ငွေစက္ကူသစ်များပေါ်တွင် အစဉ်အဆက် ပါဝင်လေ့ရှိသည့် ဘဏ္ဍာရေးမှူး၏ လက်မှတ်နေရာတွင် သမ္မတ ထရမ့်၏ လက်မှတ်က အစားထိုးဝင်ရောက်လာမည်ဖြစ်ပြီး၊ လက်ရှိ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့် (Scott Bessent) ၏ လက်မှတ်နှင့်အတူ ယှဉ်တွဲပါဝင်မည်ဖြစ်သည်။ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်က "အမေရိကန်နိုင်ငံနဲ့ သမ္မတထရမ့်တို့ရဲ့ သမိုင်းဝင် အောင်မြင်မှုတွေကို အသိအမှတ်ပြုဖို့အတွက် သူ့ရဲ့နာမည်ပါဝင်တဲ့ ဒေါ်လာငွေစက္ကူတွေ ထုတ်ဝေတာထက် ပိုကောင်းတဲ့နည်းလမ်း မရှိပါဘူး" ဟု သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်

ပထမဆုံး ငွေစက္ကူများ: သမ္မတ ထရမ့်၏ လက်မှတ်ပါဝင်မည့် ပထမဆုံး "ဒေါ်လာ ၁၀၀ တန်" ငွေစက္ကူများကို ယခုနှစ် ဇွန်လ (၂၀၂၆) တွင် စတင်ရိုက်နှိပ်သွားမည်ဖြစ်သည်။ယခုလုပ်ရပ်သည် အစိုးရအဆောက်အအုံများ၊ အဖွဲ့အစည်းများ၊ စစ်သင်္ဘောများနှင့် အကြွေစေ့များပေါ်တွင် သမ္မတ၏ အမည်နှင့် ပုံရိပ်ကို ထည့်သွင်းရန် ကြိုးပမ်းနေသည့် ထရမ့်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များထဲမှ နောက်ဆုံးပေါ်ထွက်လာသော သမိုင်းဝင် အပြောင်းအလဲတစ်ခုလည်း ဖြစ်သည်။

news-view-count-icon

12