ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းစီးတီး အာဏာပိုင်များသည် မြို့ပြသယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီစေရန်အတွက် မတ်လ ၂၅ ရက်နေ့တွင် Mastercard နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအသစ်ကို ကြေညာခဲ့ပြီး၊ လက်ရှိတွင် ဘတ်စ်ကားလိုင်းပေါင်း ၁၂၀ ကျော် (ယာဉ်အစီးရေ ၁,၉၀၀ ခန့်) ၌ ဘဏ်ကတ်များ၊ E-wallets နှင့် QR codes များဖြင့် ပေးချေနိုင်နေပြီဖြစ်ကာ ၂၀၂၆ ခုနှစ်၊ ဇွန်လနောက်ဆုံးထား၍ အစိုးရထောက်ပံ့မှုပေးထားသည့် ဘတ်စ်ကားလိုင်းအားလုံးတွင် ငွေသားမဲ့စနစ် အပြည့်အဝကျင့်သုံးနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ ထို့အပြင် မက်ထရိုရထားလိုင်း (၁) တွင်လည်း Apple Pay ၏ Express Mode စနစ်ကို စတင်မိတ်ဆက်လိုက်သဖြင့် ခရီးသည်များအနေဖြင့် ဖုန်းဖွင့်ရန် သို့မဟုတ် အတည်ပြုချက်ရယူရန် မလိုဘဲ ဂိတ်များတွင် အလွယ်တကူ ထိတွေ့ပေးချေနိုင်ပြီဖြစ်ကာ၊ ယခုကဲ့သို့ စနစ်တိုးချဲ့မှုကြောင့် ငွေပေးချေမှုကြာချိန်ကို လျှော့ချပေးနိုင်သလို စက်သုံးဆီဈေးနှုန်းမြင့်တက်နေချိန်တွင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို ပိုမိုအသုံးပြုလာစေရန် တွန်းအားဖြစ်စေကြောင်း သတင်းတွင် ဖော်ပြထားပါသည်။
ဗီယက်နမ်၊ဟိုချီမင်းစီးတီးတွင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ငွေသားမဲ့ပေးချေမှုစနစ်ကို တိုးချဲ့ဆောင်ရွက်
Mar 27 • 2:33 AM
Vietnam
Local News
Share
| 5 | 0 | 0 | 0 |


