back

BNSCLC ကျောင်းရဲ့၂၀၂၄ - ၂၀၂၆ခုနှစ် ပညာသင်နှစ် ပြီးမြောက်သူကို လက်မှတ်အပ်နှင်းခြင်း နဲ့ ကျောင်းဆင်းပွဲ အခမ်းအနား ပြုလုပ်

Mar 27 • 2:32 AM

breaking-news

Thailand

Local News

cover

BNSCLC ကျောင်းရဲ့၂၀၂၄ - ၂၀၂၆ခုနှစ် ပညာသင်နှစ် ပြီးမြောက်သူကို လက်မှတ်အပ်နှင်းခြင်း နဲ့ ကျောင်းဆင်းပွဲ အခမ်းအနား ပြုလုပ်

ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ဘန့်နိုင်းစွိုင်ကျေးရွာက လူထုစာသင်ကျောင်း (Ban Nai Soi Community Learning Center – BNSCLC ) ကျောင်းရဲ့ ၂၀၂၄ - ၂၀၂၆ ခုနှစ် ...

ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ဘန့်နိုင်းစွိုင်ကျေးရွာက လူထုစာသင်ကျောင်း (Ban Nai Soi Community Learning Center – BNSCLC ) ကျောင်းရဲ့ ၂၀၂၄ - ၂၀၂၆ ခုနှစ် ပညာသင်နှစ်မှာ ပြီးမြောက်သွားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ဂုဏ်ပြုလက်မှတ်အပ်နှင်းခြင်း နဲ့ ကျောင်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မတ်လ ၂၆ ရက်နေ့မှာ ပြုလုပ်သွားပါတယ်။ဂုဏ်ပြုလက်မှတ်ကိုတော့ အွန်လိုင်း (Online) ကျောင်းသား ၁၂ ဦးအပါဝင် ကျောင်းပြီးမြောက်သွားတဲ့ ကျောင်းသူ၊ ကျောင်းသားပေါင်း ၂၅ ဦးကို လက်မှတ်ပေးအပ်ခဲ့တာပါ။ အခမ်းအနားမှာတော့ ပြီးမြောက်သွားတဲ့ ကျောင်းသူ/ကျောင်းသားတွေကို လက်မှတ်အပ်နှင်းတာ၊ ကျောင်းသားများမှ နှုတ်ဆက်သီချင်းသီဆိုတာ၊ အွန်လိုင်းမှ တက်ရောက်ခဲ့တဲ့ကျောင်းသားတွေကနေ အကဖြင့်တင်ဆက်တာ၊ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်က သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူတွေကနေ အားပေးစကားပြောကြားတာ၊ကျောင်းသားမိဘ ကိုယ်စား တဦးမှ ကျေးဇူးတင်စကားပြောကြားတာ၊ ကျောင်းသူ/သား ကိုယ်စားလှယ်မှ ထိုင်း၊မြန်မာ၊အင်္ဂလိပ်၊ကရင်နီ ဘာသာစကားဖြင့် ခံစားချက်ပြောကြားတာ စတဲ့အစီစဥ်တွေ ပြုလုပ်ခဲ့ပါတယ်။BNSCLC ကျောင်းဟာ အင်္ဂလိပ်စာ၊ ထိုင်း နဲ့ ကရင်နီဘာသာ၊ computer ၊ Community development စတဲ့ ဘာသာရပ်တွေနဲ့ တခြား အထွေထွေဗဟုသုတ ၊ ကျောင်းပြင်ပလှုပ်ရှားမှုတွေ၊ ထိုင်းယဥ်ကျေးမှုတွေကို သင်ကြားပေးနေတဲ့ ကျောင်းဖြစ်ပါတယ်။

news-view-count-icon

11