back

မကွေးတိုင်း၊ပခုက္ကူမှာ နေ့ခင်းကြောင်တောင် ဓားပြမှုဖြစ်ပွားခဲ့ပြီး ဆိုင်ရှင်လူငယ် ဓားထိုးခံရပြီး ငွေနှင့်ဖုန်းတွေ ပါသွား

Mar 27 • 1:31 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း၊ပခုက္ကူမှာ နေ့ခင်းကြောင်တောင် ဓားပြမှုဖြစ်ပွားခဲ့ပြီး ဆိုင်ရှင်လူငယ် ဓားထိုးခံရပြီး ငွေနှင့်ဖုန်းတွေ ပါသွား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ မတ်လ ၂၆ ရက် နေ့လယ်ပိုင်းက မြို့မလမ်းပေါ် မျက်မမြင်ကျောင်းအနီးရှိ စက်သုံးဆီအရောင်းဆိုင်တဆိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ လူတစု...

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ မတ်လ ၂၆ ရက် နေ့လယ်ပိုင်းက မြို့မလမ်းပေါ် မျက်မမြင်ကျောင်းအနီးရှိ စက်သုံးဆီအရောင်းဆိုင်တဆိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ လူတစုက နေ့ခင်းကြောင်တောင် ဓားပြတိုက်ခဲ့တဲ့အကြောင်း ဒေသခံတွေဆီက သိရပါတယ်။ပခုက္ကူမြို့၊ မျက်မမြင်ကျောင်းရှေ့ အရောင်းဆိုင်တန်းမှာ ဖွင့်လှစ်ထားတဲ့ "တောင်ဇလပ်" စက်သုံးဆီအရောင်းဆိုင်အတွင်း အမည်မသိ အမျိုးသား ၄ ဦးက ဆိုင်နောက်ဖေးပေါက်ကနေ ရုတ်တရက် ဝင်ရောက်လာပြီး ဆိုင်ရှင်ကို ဓားနဲ့ထိုးပြီးပစ္စည်းများလုယက်သွားကြောင်းသိရတယ်။ အဆိုပါ အမျိုးသား ၄ ဦးမှာ လက်နက်ငယ် ပစ္စတိုတလက် အရှည်တလက် ကိုယ်ဆီပါရှိကြောင်း လုံခြုံရေးနှင့်နီးစပ်သူဆီက သိရပါတယ်။ဆိုင်အတွင်း ရောင်းချရရှိထားတဲ့ ငွေတွေနဲ့ ဖုန်းတွေကို လုယက်ယူဆောင်သွားခဲ့ပြီးဆိုင်ရှင်ဖြစ်သူ လူငယ်ကို ဓားနဲ့ ထိုးနှက်ခဲ့လို့ အဲဒီလူငယ်ကို ဆေးရုံကိုပို့ဆောင် ဆေးကုသပေးနေကြောင်း ဖြစ်စဥ်ကိုသိရှိသူက ပြောပါတယ်။

news-view-count-icon

13