မတ်လ ၂၆ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၂၂လမ်း၊ ၅၇×၅၈ လမ်းကြားမှာ အမျိုးသမီးတဦး သေနတ်နဲ့ ပစ်ခတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူဟာ မရန်မန်ရှန် အသက် ၃၈ နှစ်ဖြစ်ပြီး ခင်ပွန်းဖြစ်သူကိုင်တဲ့ SIG SAUER ပစ္စတိုသေနတ်နဲ့ မိမိကိုယ်ကို ပစ်ခတ်ခဲ့ရာ ယာနားထင်အပေါ်က ဖောက်ဝင်ပြီး ဝဲဘက်ချိုစောင်းမှ ဖောက်ထွက်သွားကာ သေဆုံးခဲ့တာလို့ သိရပါတယ်။လတ်တလောမှာတော့ ခင်ပွန်းဖြစ်သူကို တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးထားတယ်လို့ သိရပြီး သေဆုံးသူကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ပို့ထားတယ်လို့ သိရပါတယ်။



