back

ရန်ကုန်၊တာမွေရှိ အကြည်တော်ဟိုတယ်မှ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံးမှုဖြစ်ပွား

Mar 26 • 7:46 AM

breaking-news

Myanmar

Yangon

breaking-news
cover

ရန်ကုန်၊တာမွေရှိ အကြည်တော်ဟိုတယ်မှ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံးမှုဖြစ်ပွား

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိအကြည်တော်ဟိုတယ် အထပ်မြင့်ခုနစ်လွှာမှအမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံးမှု ယ‌နေ့(မတ် ၂၆ ရက်) နံနက် ၉ နာရီခန့်ကဖြစ်ပွားကြောင်း MSDK Rescu...

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိအကြည်တော်ဟိုတယ် အထပ်မြင့်ခုနစ်လွှာမှအမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံးမှု ယ‌နေ့(မတ် ၂၆ ရက်) နံနက် ၉ နာရီခန့်ကဖြစ်ပွားကြောင်း MSDK Rescue အဖွဲ့ထံမှသိရသည်။အဆိုပါ အကြည်တော်ဟိုတယ်သည် တာမွေမြို့နယ်သမိန်ဗရမ်းလမ်းမကြီး၊ အမှတ် (၁/က) အသောကမှတ်တိုင်ရှေ့တွင်ရှိသည့်ဟိုတယ်ဖြစ်ကြောင်း သိရသည်။သေဆုံးသူမှာ ယမန်နေ့(မတ် ၂၅ ရက်) ညနေပိုင်းတွင်ရှမ်းပြည်နယ်မှတစ်ဦးတည်းလာရောက်တည်းခိုနေထိုင်သူဖြစ်ကြောင်း၊ ၎င်းမှာ အသက်(၃၀) ဝန်းကျင်ဖြစ်ကြောင်း MSDK Rescue အဖွဲ့မှတာဝန်ရှိသူတစ်ဦးကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။အဆိုပါ သေဆုံးသူအမျိုးသမီး၏ရုပ်အ‌လောင်းကို သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။


news-view-count-icon

13