back

ယူအေအီးနိုင်ငံ၊ဖူဂျေရာတွင် ရေကြီးနေသည့်ချိုင့်ဝှမ်း၌ ကားမျောပါသွားသော်လည်း ယာဉ်မောင်းအသက်ဘေးမှလွတ်မြောက်

Mar 26 • 7:16 AM

breaking-news

UAE

Local News

cover

ယူအေအီးနိုင်ငံ၊ဖူဂျေရာတွင် ရေကြီးနေသည့်ချိုင့်ဝှမ်း၌ ကားမျောပါသွားသော်လည်း ယာဉ်မောင်းအသက်ဘေးမှလွတ်မြောက်

ယူအေအီးနိုင်ငံ၊ ဖူဂျေရာပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေသည့် ချိုင့်ဝှမ်းကို ဖြတ်မောင်းသည့် ကားတစ်စီး ရေစီးနှင့်မျောပါသွားခဲ့သော်လည်း ယာဉ်မောင်းမှ...

ယူအေအီးနိုင်ငံ၊ ဖူဂျေရာပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေသည့် ချိုင့်ဝှမ်းကို ဖြတ်မောင်းသည့် ကားတစ်စီး ရေစီးနှင့်မျောပါသွားခဲ့သော်လည်း ယာဉ်မောင်းမှာ အချိန်မီရုန်းထွက်နိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး၊ ရဲတပ်ဖွဲ့က စည်းကမ်းဖောက်ဖျက်သည့် အဆိုပါယာဉ်မောင်းကို အရေးယူရန် ဆင့်ခေါ်ထားကာ ရေကြီးချိန်တွင် ချိုင့်ဝှမ်းများကို ဖြတ်ကျော်ခြင်းမပြုရန်နှင့် ဖောက်ဖျက်ပါက ဒဏ်ငွေ (၂,၀၀၀) ဒီရမ်နှင့် ယာဉ်ကို ရက်ပေါင်း (၆၀) သိမ်းဆည်းမည်ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေးထားပါသည်။

news-view-count-icon

6