back

လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များကို စက်သုံးဆီ လုံးဝရောင်းချပေးမည်မဟုတ်ကြောင်း ဆီဆိုင်များ၌ အသိပေးစာကပ်ထား

Mar 26 • 6:41 AM

breaking-news

Myanmar

Local

breaking-news
cover

လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များကို စက်သုံးဆီ လုံးဝရောင်းချပေးမည်မဟုတ်ကြောင်း ဆီဆိုင်များ၌ အသိပေးစာကပ်ထား

လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များကို စက်သုံးဆီ လုံးဝရောင်းချပေးမည်မဟုတ်ကြောင်း ဆီဆိုင်များ၌ အသိပေးစာကပ်ထားကြောင်း သိရသည်။လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များအား စက...

လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များကို စက်သုံးဆီ လုံးဝရောင်းချပေးမည်မဟုတ်ကြောင်း ဆီဆိုင်များ၌ အသိပေးစာကပ်ထားကြောင်း သိရသည်။လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များအား စက်သုံးဆီလုံးဝ (လုံးဝ) ရောင်းချမည်မဟုတ်ကြောင်း၊ ဝှီးတက်များ ပြ၍ စက်သုံးဆီ ဝယ်ယူနိုင်ပြီး ဝှီးတက်မပြနိုင်ပါက လုံးဝရောင်းချပေးမည်မဟုတ်ကြောင်း၊ ယင်းညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိပါက စက်သုံးဆီအရောင်းဆိုင်အား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပေးစာတွင် ပါရှိသည်။ ဆိုင်ကယ်များ QR Code တွင် ပါရှိသော နံပါတ်နှင့် လာထည့်သောဆိုင်ကယ်နံပါတ် ကိုက်ညီမှုမရှိပါက မည်သူတစ်ဦးတစ်ယောက်မျှ ရောင်းချမည်မဟုတ်ကြောင်း၊ လိုက်နာခြင်းမရှိပါက စက်သုံးဆီအရောင်းဆိုင်အား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းလည်း ထပ်မံအသိပေးထားကြောင်း သိရသည်။စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအရ ဓာတ်ဆီတစ်လီတာ ကျပ် ၇၀၀ မှ ၉၀၀ ကျော်၊ ဒီဇယ်တစ်လီတာ ကျပ်တစ်ထောင်ကျော်မြင့် တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ဈေးနှုန်းများအရ သိရသည်။စက်သုံးဆီများမှာ ရက်သတ္တပတ်၏ နောက်ဆုံးရက်ဖြစ်သည့် သောကြာနေ့တွင် ဈေးနှုန်းများကို ပြောင်းလဲခြင်းဖြစ်သည်။
news-view-count-icon

22