ရန်ကုန် - နေပြည်တော်၊ နေပြည်တော် - ရန်ကုန်ခရီးစဉ်အတွက် မတ်လ (၂၆) ရက်နေ့မှစတင်ကာ အမှတ် (၃၃) အဆန်၊ အမှတ် (၃၄) အစုန်အဖြစ် DEMU ဖြင့် တိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်ပြီး ခရီးစဉ်မှာ လက်ရှိ ရန်ကုန် - နေပြည်တော်၊ နေပြည်တော် - ရန်ကုန်ပြေးဆွဲတဲ့အတိုင်းဖြစ်ပါတယ်။အမှတ် (၃၃) အဆန်မှာ ရန်ကုန်မြို့မှ နံနက် ၁၀:၀၀ နာရီတွင် စတင်ထွက်ခွာမှာဖြစ်ပြီး တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်တို့တွင် ရပ်တန့်ကာ နေပြည်တော်ဘူတာသို့ နေ့လယ် ၀၃:၀၀ နာရီတွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။အမှတ် (၃၄) အစုန်အဖြစ် နေပြည်တော်မှ နံနက် ၁၀:၀၀ နာရီတွင် ထွက်ခွာလာပြီး ဖော်ပြပါအတိုင်း ရပ်တန့်ဘူတာများတွင် ရန်တန့်ကာ နေ့လယ် ၀၃:၃၀ နာရီတွင် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိမှာဖြစ်ပါတယ်နေ့စဉ် ရန်ကုန် - နေပြည်တော် - ရန်ကုန်အတွက် အမှတ် (၇) (၃၁) (၃၃) အစုန်၊ အမှတ် (၈) (၃၂) (၃၄) အဆန် စုစုပေါင်း အစုန်အဆန် (၆) စင်းဖြင့် ပြေးဆွဲပေးသွားမှာဖြစ်ပြီး ထပ်မံတိုးချဲ့ပြေးဆွဲတဲ့ ရထားခရီးစဉ်အတွက် Online Railways Ticketing and Payment System (ORTP) စနစ်ဖြင့် ဝယ်ယူနိုင်ရေးပါ ဆောင်ရွက်ပေးထားမှာဖြစ်ပါတယ်အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ သင်္ကြန်ပိတ်ရက်အတွက် ဧပြီ ၁၀၊ ၁၁၊ ၁၂၊ ၁၉၊ ၂၀ များတွင် ရန်ကုန် - နေပြည်တော် - ရန်ကုန်ခရီးစဉ်အတွက် အဆန်အထူးအဖြစ် ရန်ကုန်ဘူတာကြီးမှ ၀၆:၃၀ တွင်လည်းကောင်း၊ အစုန်အထူးအဖြစ် နေပြည်တော်မှ ၁၂:၃၀ တွင်လည်းကောင်း ထွက်ခွာပေးမှာဖြစ်ပြီး သင်္ကြန်ရက်ဖြစ်တဲ့ ဧပြီ ၁၃၊ ၁၄၊ ၁၅၊ ၁၆ ရက်များတွင် DEMU ဖြင့် ပြေးဆွဲတဲ့ ခရီးစဉ်များအားလုံးကို ယာယီရပ်နားထားမည်ဖြစ်ကြောင်းသိရှိရပါတယ်။DEMU နှင့် ပြေးဆွဲသော ခရီးစဥ်မှလွဲ၍ မော်လမြိုင်၊ ပုဂံ၊ မန္တလေး၊ ပြည်ခရီးစဉ်များနှင့် စာပို့တွဲများလိုမျိုး ပုံမှန်ပြေးဆွဲပေးနေတဲ့ ခရီးစဉ်များအားလုံးကို ဆက်လက်စီးနင်းနိုင်မှာဖြစ်ပါတယ်။



