၂၆.၃.၂၀၂၆ ရက်ယနေ့၊ ၀၉နာရီ ၃၀ မိနစ်အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်း၊ ၃၇ လမ်းကြားတွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီးေလာင်ကြောင်း သတင်းရရှိသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။Update
၀၉ နာရီ၅၅ မိနစ်အချိန် မီးငြိမ်းပါသည်။



