back

ဘန်ကောက်မှာ အာရဗီ စာမရလို့ ဆိုကာ ဆရာက ကျောင်းသားကို ၁၇ ချက်ရိုက်မှုဖြစ်ပွား

Mar 26 • 2:48 AM

breaking-news

Thailand

Local News

cover

ဘန်ကောက်မှာ အာရဗီ စာမရလို့ ဆိုကာ ဆရာက ကျောင်းသားကို ၁၇ ချက်ရိုက်မှုဖြစ်ပွား

ထိုင်းနိုင်ငံ Nong Chok က အာရဗီစာသင်ကျောင်းက ဆရာတစ်ဦးဟာ Grade 3 အရွယ် ကျောင်းသားကို ရက်ရက်စက်စက် ရိုက်ခဲ့တဲ့အတွက် မိခင်က ဆရာကို အရေးယူဖို့ တရားမျှတမှုရှာဖွေနေပါ...

ထိုင်းနိုင်ငံ Nong Chok က အာရဗီစာသင်ကျောင်းက ဆရာတစ်ဦးဟာ Grade 3 အရွယ် ကျောင်းသားကို ရက်ရက်စက်စက် ရိုက်ခဲ့တဲ့အတွက် မိခင်က ဆရာကို အရေးယူဖို့ တရားမျှတမှုရှာဖွေနေပါတယ်။အမေဖြစ်သူ အသက် ၂၅ နှစ်အရွယ် “Thinyada” ရဲ့အဆိုအရ သူ့သားလေး အသက် ၈-၉ နှစ်ဝန်းကျင်ဟာ ညနေဘက်ကို အစ္စလာမ ဘာသာရေးကျောင်းမှာ ပညာသင်နေတာဖြစ်ပြီး မတ်လ ၁၃ ရက်က ကျောင်းက ပြန်လာတော့ ဒဏ်ပေးခံရတယ်လို့ ကလေးကပြောပါတယ်။ ပထမတော့ ပုံမှန်ပဲထင်ပေမယ့် နောက်မှ သေချာကြည့်တဲ့အခါ ကလေးရဲ့ လက်မောင်းမှာ တော်တော်ကြီးမားတဲ့ ဒဏ်ရာတွေ တွေ့ခဲ့ပြီး အကြောင်းစုံကို မေးကြည့်တော့ ကလေးက စာ ၁၇ လုံး မရတာကို ဆရာက ၁၇ ချက် ပြင်းပြင်းထန်ထန်ရိုက်ခဲ့တာပါ။ကလေးကိုတော့ ကျောင်းကနေ ထုတ်တာတွေလုပ်ဖို့မရှိပေမယ့် အမေက ကျောင်းကိုဆက်သွယ်ပြီး ဒီဆရာကို ထုတ်ပယ်ပေးဖို့တောင်းဆိုထားပါတယ်။ ဆရာရဲ့ မိန်းမကတော့ တောင်းပန်ပေမယ့် တရားဝင်တောင်းပန်တာတွေဘာတွေမရှိတဲ့အတွက် Lam Hin ရဲစခန်းမှာ အမှုဖွင့်တဲ့နောက်မှာ အခုလို ရိုက်ခံရတဲ့ ကလေးများစွာရှိကြောင်း မိဘတွေ က အသီးသီးပြောလာကြလို့ ထိုင်းနိုင်ငံ မီဒီယာရပ်ဝန်းမှာ နာမည်ကြီး သတင်းတစ်ပုဒ်အဖြစ်ရှိနေပါတယ်။

news-view-count-icon

12