အာဆင်နယ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အက်ဇေးဟာ ခြေသလုံးဒဏ်ရာကြောင့် (၄)ပတ်မှ (၆)ပတ်အထိ အနားယူရဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။အက်ဇေးဟာ လေဗာကူဆင်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ခြေသလုံးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး မန်စီးတီးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲကို လွဲချော်ခဲ့သလို၊ အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းကလည်း နုတ်ထွက်ခဲ့ရပါတယ်။အက်ဇေးရဲ့ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ အနည်းဆုံး(၄)ပတ် အနားယူဖို့လိုအပ်ပြီး (၆)ပတ်လောက်အထိ အနားယူရတဲ့အခြေအနေ ဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ဖလားတစ်လုံး ဆုံးရှုံးခဲ့ရပြီဖြစ်ပေမဲ့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ FA ဖလားတွေအတွက် ရေပန်းအစားဆုံးဖြစ်နေပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ အဆုံးအဖြတ်ပွဲတွေ ယှဉ်ပြိုင်ကစားရမှာပါ။ဒါကြောင့် အက်ဇေးကို ဆုံးရှုံးရမယ့်အခြေအနေက အသင်းအတွက် ထိခိုက်နစ်နာစေကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
Mar 26 • 2:48 AM
Myanmar
International
Share
| 12 | 0 | 0 | 0 |


