ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တို့တွင် စက်သုံးဆီ တစ်လီတာကို ၁၂,၀၀၀ ကျပ်အထိ ပေးဝယ်နေရပြီး အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သတင်းရရှိသည်။အဆိုပါ နမ့်ခမ်းမြို့နယ်ရှိ လမ်းဘေးဈေးဆိုင်များနှင့် အပြင် မှောင်ခိုရောင်းချနေသည့် စက်သုံးဆီများသည် တစ်လီတာလျှင် (၂၀,၀၀၀) ကျပ် အထိဈေးနှုန်း မြင့်တက်နေကြောင်း သိရသည်။ တရုတ်-မြန်မာနယ်စပ်ရှိ နမ့်ခမ်းမြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် ယခင်က စက်သုံးဆီ တစ်လီတာလျှင် ၄,၈၀၀ ကျပ် မှ ၅,၀၀၀ ဝန်းကျင်ခန့်သာ ပေးဝယ်ရကြောင်း ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ်ရှိ မူဆယ်၊ နမ့်ခမ်းမြို့များတွင် စက်သုံးဆီ တစ်လီတာ ၁၂,၀၀၀ ကျပ်အထိရှိလာသော်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေရ
Mar 26 • 2:46 AM
Myanmar
Shan
Share
| 6 | 0 | 0 | 0 |


