ထိုင်းနိုင်ငံ၌ မြန်မာအမျိုးသမီးတစ်ဦးကို စမွတ်စခွန် တရားရုံးက ဝရမ်းထုတ်ထားပြီး ရဲတပ်ဖွဲ့က ပိတ်ဆို့ ဖမ်းဆီးတာ ခံလိုက်ရပါတယ်။ ထိုအမျိုးသမီးဟာ ရွှေ့ပြောင်းလုပ်သားတွေကို အေးဂျင့်အနေနဲ့ အလုပ်တွေ တရားမဝင် သွင်းပေးနေတာဖြစ်တယ်လို့ ပြောပါတယ်။ အလုပ်သွင်းရင်လည်း အောက်လမ်းကနေ သွင်းပေးနေတာဖြစ်ပြီး အထောက်အထားမရှိတဲ့ အလုပ်တေွဟုဆိုပါတယ်။အာဏာပိုင်တွေကလည်း အခုလို တရားမဝင် လုပ်နေတာတွေရှိရင် သတင်းပေးဖို့ တိုက်တွန်းထားပြီး နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေကို အခုလို အလုပ်လုပ်ခွင့်ပေးတာကို တိုင်ကြားဖို့လည်း ပြောထားပါတယ်။
Mar 26 • 2:45 AM
Thailand
Local News
Share
| 12 | 0 | 0 | 0 |


