back

မကွေးတိုင်းတွင် မြေပဲဆန် ရှားပါးလာမှုကြောင့် စံချိန်တင် ဈေးမြင့်တက်နေ

Mar 26 • 1:39 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်းတွင် မြေပဲဆန် ရှားပါးလာမှုကြောင့် စံချိန်တင် ဈေးမြင့်တက်နေ

မကွေးမြို့ ပဲမျိုးစုံဈေးကွက်မှာ မြေပဲဆန် ရှားပါးလာတာကြောင့် စံချိန်တင် ဈေးမြင့်တက်နေတယ်လို့ ကုန်သည် တွေဆီကနေ သိရပါတယ်။မြေပဲဆန်ဈေးကွက်ဟာ နေ့စဉ်နဲ့အမျှ ပြောင်းနေပ...

မကွေးမြို့ ပဲမျိုးစုံဈေးကွက်မှာ မြေပဲဆန် ရှားပါးလာတာကြောင့် စံချိန်တင် ဈေးမြင့်တက်နေတယ်လို့ ကုန်သည် တွေဆီကနေ သိရပါတယ်။မြေပဲဆန်ဈေးကွက်ဟာ နေ့စဉ်နဲ့အမျှ ပြောင်းနေပြီး တစ်ပိဿာကို ကျပ် ၅၀၀ ကနေ ကျပ် ၁,၀၀၀ ဝန်းကျင်ထိ ဈေးတက်နေတာပါ။ မြေပဲပေါ်ချိန်က မြေပဲဆန်တစ်ပိဿာကို ကျပ် ၈,၅၀၀ ကျော် ၉,၀၀၀ ဝန်းကျင်သာ ဈေးရှိပြီး လက်ရှိမှာတော့ မြေပဲဆန်တစ်ပိဿာကို ၁၃,၀၀၀ ကျပ်ဝန်းကျင်ဈေးရှိနေတယ်လို့ မကွေးမြို့ မြေပဲ၊နှမ်း၊ သီးနှံမျိုး စုံ ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုထင်လင်းအောင်က ပြောပါတယ်။ အရင်နှစ်တွေက မြေပဲပေါ်ချိန်မှာ ပဲဆန်ဈေးနှုန်းဟာ (၉,၀၀၀)ကျပ်ဝန်းကျင်ဈေးသာရှိခဲ့ပြီး ဈေးနှုန်း အမြင့်ဆုံးက ၁၀,၅၀၀ ကျပ်ဝန်းကျင်ဈေးသာရှိခဲ့တာပါ။ မကွေးမြို့နယ်မှာ မြေပဲဆန်ကို ပဲဆီထုတ်လုပ်တာအပြင် စားသောက် ကုန်လုပ်ငန်းတွေမှာလည်း အသုံးပြုကြပြီး တရုတ်နိုင်ငံကိုလည်း နှစ်စဉ်တင်ပို့ရတယ်လို့ သိရပါတယ်။

news-view-count-icon

8