ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ပန့်ဆီဆိုင်ကြီးများတွင် ဆီတစ်လီတာ (၅)ထောင်ကျော်သာ ရှိသော်လည်း တန်းစီဝယ်ယူသူများသောကြောင့် တနေကုန် တန်းစီနေလည်း (၅)ထောင်ဖိုးသာရသည်။လားရှိုးမြို့တွင် အပြင်ပေါက်စျေး စက်သုံးဆီတစ်လီတာ (၁)သောင်းခွဲအထိ စျေးရှိနေပြီး အခြေခံ လူတန်းစားများအတွက် မဝယ်နိုင်သည့် အခြေအနေဖြစ်နေကြောင်း ၎င်းကဆက်ပြောသည်။ထို့အပြင် လားရှိုးမြို့နယ် ကျေးရွာများမှ ဒေသခံများလည်း လားရှိုးမြို့ထဲ ဆီစျေးသက်သာသည်ဟုဆိုကာ လာရောက်တန်းစီဝယ်ယူမှုများ ကြောင်း သိရသည်။စက်သုံးဆီ ရရှိရန် တနေကုန် နေပူထဲတန်းစီစောင့်ဆိုင်းရမှုကြောင့် နေမကောင်း ဖျားနာသွားသည့် အခြေအနေလည်း ကြုံရကြောင်း ဒေသခံက ဆိုသည်။



