တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း ဆိုင်ကယ်ခိုးမှုများစွာ ဖြစ်ပွားနေသဖြင့် တာချီလိတ်ရဲ တပ်ဖွဲ့မှူး ရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်ငွေတိုးဦးစီး တပ်ဖွဲ့ဝင်များနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တာချီလိတ်မြို့ ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုဖြင့် ပြစ်ဒဏ်ကျခဲ့ဖူးသူ ဆောင်းဦး(ခ)သားပုအား မသင်္ကာဖွယ်တွေ့ရှိ၍ တရုတ်နိုင်ငံထုတ် Kenbo Click အမျိုးအစား၊ နီ/နက်ရောင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်။ဆက်လက်စစ်ဆေးချက်အရ ၎င်းနှင့်အတူ ဆိုင်ကယ်ခိုးမှုကျုးလွန်သူများဖြစ်သည့် ဝေယံထိုက်(ခ) နေမျိုးဦး၊ ကျော်ဇင်ထွေး(ခ)ကပ္ပလီနှင့် ထက်နိုင်ဆွေ(ခ) ထူးထူးတို့(၄)ဦးအား ခိုးယူထားသည့် သက်သေခံ ဆိုင်ကယ်မျိုးစုံ (၆) စီးနှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခြင်းဖြစ်သည်။



