back

ကိုရီးယားတွင် သေဆုံးပြီဆိုသည့် မြန်မာလုပ်သား အသက်ပြန်ရှင်လာသဖြင့် အရေးပေါ်ကုသနေ

Mar 25 • 11:36 AM

breaking-news

South Korea

Local News

cover

ကိုရီးယားတွင် သေဆုံးပြီဆိုသည့် မြန်မာလုပ်သား အသက်ပြန်ရှင်လာသဖြင့် အရေးပေါ်ကုသနေ

တောင်ကိုရီးယားက လုပ်ငန်းခွင်တခုမှာ စက်ညှပ်လို့ သေဆုံးသွားပြီဆိုတဲ့ မြန်မာလုပ်သားဟာ ရေခဲတိုက်ထဲမထည့်ခင် အသက်ပြန်ရှူလာတဲ့အတွက် အရေးပေါ်ကုသမှုတွေ ပြန်လုပ်နေတယ်လို့...

တောင်ကိုရီးယားက လုပ်ငန်းခွင်တခုမှာ စက်ညှပ်လို့ သေဆုံးသွားပြီဆိုတဲ့ မြန်မာလုပ်သားဟာ ရေခဲတိုက်ထဲမထည့်ခင် အသက်ပြန်ရှူလာတဲ့အတွက် အရေးပေါ်ကုသမှုတွေ ပြန်လုပ်နေတယ်လို့ အဲဒီအလုပ်သမားနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။အသက် ၃၃ နှစ်အရွယ် မြန်မာလုပ်သား ကိုစန်းယုဟာ မတ် ၂၄ ရက်က လုပ်ငန်းခွင်ထဲမှာ စက်ညှပ်မိပြီး ဦးခေါင်းကို အပြင်းအထန် ထိခိုက်ခဲ့တာကြောင့် အာဂျုတက္ကသိုလ်ဆေးရုံဆီ အရေးပေါ်ပို့ခဲ့ပေမဲ့ အသက်မမီတော့ဘဲ သေဆုံးပြီလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမဲ့ ကိုစန်းယုဟာ ရေခဲတိုက်ထဲမထည့်ခင် အသက်ပြန်ရှူလာတဲ့အတွက် ဆရာဝန်တွေက အရေးပေါ်ခွဲစိတ်မှုတွေလုပ်ကာ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သူနဲ့ရင်းနှီးသူတွေက ဆိုပါတယ်။တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်မှုကြောင့် ကိုစန်းယု သေဆုံးခဲ့ကာ မိသားစုဆီလည်း အကြောင်းကြားထားပြီး ဖြစ်တယ်လို့ မတ် ၂၄ ရက်မှာ အရင်ဆုံး အသိပေးခဲ့တာ ဖြစ်ပါတယ်။လက်ရှိ ကိုစန်းယုရဲ့ဇနီးနဲ့ အစ်မဖြစ်သူတို့ တောင်ကိုရီးယားနိုင်ငံကို လိုက်သွားပြီး ခွဲစိတ်ကုသမှုနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို မသိရသေးဘူးလို့ သူ့မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။




news-view-count-icon

2