back

ဘားအံတွင် စက်သုံးဆီပြတ်လပ်မှုကြောင့် စက်ရုံအချို့ရပ်နားကာ အလုပ်သမားများ လျှော့ချခံနေရ

Mar 25 • 8:48 AM

breaking-news

Myanmar

Kayin

cover

ဘားအံတွင် စက်သုံးဆီပြတ်လပ်မှုကြောင့် စက်ရုံအချို့ရပ်နားကာ အလုပ်သမားများ လျှော့ချခံနေရ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အရှေ့အလယ်ပိုင်းစစ်ပွဲဂယက်ကြောင့် ဖြစ်ပေါ်လာသည့် စက်သုံးဆီအကျပ်အတည်းကြောင့် အထည်ချုပ်စက်ရုံများအပါအဝင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ...

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အရှေ့အလယ်ပိုင်းစစ်ပွဲဂယက်ကြောင့် ဖြစ်ပေါ်လာသည့် စက်သုံးဆီအကျပ်အတည်းကြောင့် အထည်ချုပ်စက်ရုံများအပါအဝင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအချို့ ရပ်နားထားရပြီး အလုပ်သမားလျှော့ချမှုများ ရှိနေကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် သိရသည်။ လက်ရှိတွင် စက်သုံးဆီဆိုင်များ၌ ဆိုင်ကယ် ကျပ် ၅,၀၀၀၊ ကားငယ် ၃၀,၀၀၀ နှင့် ကားကြီး ၅၀,၀၀၀ ဖိုးစီသာ ကန့်သတ်ရောင်းချပေးနေပြီး ပြင်ပစျေးကွက်တွင် ၅ ဂါလန်ပုံးတစ်ပုံးလျှင် ကျပ် ၃ သိန်းကျော်အထိ စျေးမြင့်တက်ကာ ဝယ်ယူရခက်ခဲနေခြင်းဖြစ်သည်။ ဤအခြေအနေကြောင့် အချို့စက်ရုံများတွင် အလုပ်သမား ၁၀ ဦးမှ ၁၅ ဦးခန့်အထိ လျှော့ချနေရသဖြင့် အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားမိသားစုများ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသည်။ ထို့ပြင် မြို့တွင်း၌ လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များကို ဆီမရောင်းပေးသည့်အပြင် ဖမ်းဆီးစစ်ဆေးမှုများပါ ရှိနေသဖြင့် မြို့ခံများ ဘက်ပေါင်းစုံမှ အကျပ်အတည်းဖြစ်နေကြောင်း သိရှိရပါသည်။

news-view-count-icon

7