မြန်မာနိုင်ငံတွင် ငလျင်ကြီးလှုပ်ခတ်မှု တစ်နှစ်ပြည့်ရန် ရက်ပိုင်းအလို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ဒေသသုံးခု၌ ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ လှုပ်ခတ်ခဲ့သည့် နေရာများမှာ ပဲခူးတိုင်း ရွှေကျင်မြို့တွင် အင်အား 3.7 အဆင့်၊ နေပြည်တော် ပျဉ်းမနားမြို့တွင် အင်အား 4.2 အဆင့်နှင့် စစ်ကိုင်းတိုင်း လေရှီးမြို့တွင် အင်အား 4.3 အဆင့်တို့ ဖြစ်ကြသည်။ အထူးသဖြင့် ပျဉ်းမနားမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်ရှိ အထပ်မြင့်အဆောက်အအုံများမှ လူများ ဘေးလွတ်ရာသို့ ဆင်းပြေးခဲ့ရသည်အထိ သိသာစွာ ခံစားခဲ့ရသည်။ ပညာရှင်များ၏ သုံးသပ်ချက်အရ မြန်မာနိုင်ငံရှိ စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက်နှင့် ပဲခူး၊ ရခိုင်ဒေသတို့တွင် ငလျင်ကြီးများ တကျော့ပြန် လှုပ်ခတ်လာနိုင်သည့် အခြေအနေရှိသဖြင့် သတိပြုရန် လိုအပ်နေကြောင်း သိရှိရပါသည်။
Mar 25 • 8:46 AM
Myanmar
Local
Share
| 16 | 0 | 0 | 0 |


