back

ASEAN Futsal Championship 2026ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်း ပဏာမ ကစားသမား ၁၇ ဦးစာရင်းထုတ်ပြန်

Mar 25 • 7:33 AM

breaking-news

Myanmar

Local

breaking-news
cover

ASEAN Futsal Championship 2026ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်း ပဏာမ ကစားသမား ၁၇ ဦးစာရင်းထုတ်ပြန်

ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ASEAN Futsal Championship 2026 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်း၏ ပဏာမ ...

ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ASEAN Futsal Championship 2026 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်း၏ ပဏာမ ကစားသမား (၁၇)ဦး စာရင်းကို အသင်း၏ နည်းပြချုပ်ဖြစ်သူ Mr. Pattaya Piemkum က ထုတ်ပြန်ခဲ့သည်။ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသားအသင်းသည် မတ်လ ၁၃ ရက်မှ စတင်၍ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မတ်၂၉ရက်တွင် ထိုင်းနိုင်ငံ သို့သွားရောက်၍ စခန်းသွင်းလေ့ကျင့်မှုများနှင့် ခြေစမ်းပွဲများကို ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းသည် ASEAN Futsal Championship 2026 ပြိုင်ပွဲ၏ အုပ်စု(က)တွင် ထိုင်း၊ ဗီယက်နမ်၊ အရှေ့တီမောအသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။



news-view-count-icon

23