မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စက်သုံးဆီချွေတာရေးအတွက် သတ်မှတ်ထားသော စုံမယာဉ်စနစ် (Odd-Even Rule) ကို လိုက်နာခြင်းမရှိသည့် ယာဉ်ပိုင်ရှင် ၂၀ နီးပါးကို စစ်ကော်မရှင်ပူးပေါင်းအဖွဲ့က မတ်လ ၂၂ ရက်မှစတင်ကာ ရှောင်တခင်စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။ စစ်ဆေးမှုပထမနေ့တွင်ပင် သတ်မှတ်ရက်မဟုတ်ဘဲ မောင်းနှင်လာသည့် ကား ၉ စီးနှင့် ဆိုင်ကယ် ၈ စီး (စုစုပေါင်း ၁၇ စီး) ကို ဖမ်းဆီးရမိခဲ့ပြီး တစ်စီးလျှင် ဒဏ်ငွေ ၃၀,၀၀၀ ကျပ်စီ ချမှတ်ခဲ့သည်။ အဆိုပါစနစ်ကို လိုက်နာမှုမရှိပါက ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ ထောင်ဒဏ် (၁) လ သို့မဟုတ် ငွေဒဏ် ကျပ်နှစ်သောင်း အပြင် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ကြေညာထားသည်။ လက်ရှိတွင် စုံမရက်အလိုက် ဆီဝယ်ယူမှုရှိမရှိနှင့် ယာဉ်သက်သေခံအတု ကိုင်ဆောင်မှုများကိုပါ တင်းကျပ်စွာ စစ်ဆေးနေသဖြင့် ဒေသခံပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရှိရပါသည်။
Mar 25 • 6:58 AM
Myanmar
Mon
Share
| 7 | 0 | 0 | 0 |


