ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ Golden Sky ဟိုတယ်ကို မြန်မာရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသား ၂၄ ဦး (အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁၃ ဦး) ကို လက်ရှိတွင် တာချီလိတ်ရဲစခန်း၌ ထိန်းသိမ်းထားပြီး အီလက်ထရွန်နစ်ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှု၊ တရားမဝင်ဝင်ရောက်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် သိရသည်။ ၎င်းတို့အား ထိုင်းဒုတိယရဲချုပ်ကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ရာ ကနဦးအချက်အလက်များအရ ခြိမ်းခြောက်စေခိုင်းခံရသည့် အထောက်အထားမတွေ့ရဘဲ ကောလ်စင်တာနှင့် အွန်လိုင်းလောင်းကစားရုံးများတွင် မိမိဆန္ဒအလျောက် လာရောက်လုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် မြန်မာနိုင်ငံတည်ဆဲဥပဒေအရ အီလက်ထရွန်နစ်ဥပဒေအတွက် ထောင်ဒဏ် ၅ နှစ်မှ ၇ နှစ်အထိလည်းကောင်း၊ တရားမဝင်ဝင်ရောက်မှုအတွက် ထောင်ဒဏ် ၆ လမှ ၅ နှစ်အထိလည်းကောင်း ကျခံရနိုင်ပြီး မြန်မာ့ဥပဒေလုပ်ထုံးလုပ်နည်းများ ပြီးပြတ်မှသာ ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Mar 25 • 6:53 AM
Myanmar
Shan
Share
| 4 | 0 | 0 | 0 |


