CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁.၀၂၆ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ်လ ၂၄ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၃ သန်းကိုလည်း စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေ ရောင်းချပေးခဲ့ပါတယ်။FX Trading မှာ စားသုံးဆီမှ (၇%)၊ စက်သုံးဆီမှ (၅၄%)၊ ဓာတ်မြေသြဇာမှ (၅%)၊ တိရိစ္ဆာန်အစာမှ (၄%)၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းမှ (၁%)၊ စက်မှုကုန်ကြမ်းမှ (၂%)၊ စားသုံးကုန်စည်များမှ (၇%)၊ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းမှ (၂%)၊ အခြားကုန်စည်များနှင့် Non Trade Transation များမှ (၁၈%) အသီးသီး နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။ဗဟိုဘဏ်အနေနဲ့ မတ်လ ၂၄ ရက်နေ့၊ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃,၆၅၈ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ပါတယ်။
| 16 | 0 | 0 | 0 |


