ထိုင်းအာဏာပိုင်များသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ဘန်ကောက်မြို့လယ်ရှိ နာမည်ကြီးစျေးဝယ်စင်တာတစ်ခုအပါအဝင် နေရာ ၁၇ ခုကို ဝင်ရောက်စီးနင်းခဲ့ရာ ဘတ်သန်း ၁၀၀ ကျော်တန်ဖိုးရှိ နာမည်ကြီးအမှတ်တံဆိပ်အတု (Brand Name အတု) ပေါင်း ၄၈,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါကုန်ပစ္စည်းများတွင် Louis Vuitton, Dior, Nike နှင့် Adidas ကဲ့သို့ အမှတ်တံဆိပ်အတုများအပြင် အန္တရာယ်ရှိနိုင်သော အလှကုန်နှင့် လျှပ်စစ်ပစ္စည်းများလည်း ပါဝင်သည်။ ဤမှောင်ခိုဂိုဏ်းများသည် စစ်ဆေးမှုများကို ရှောင်ကွင်းရန် ကမ္ဘောဒီးယားနယ်စပ် (အာရန်ယပရာသက်) ဂိတ်မှတစ်ဆင့် ကုန်တင်ကားများဖြင့် ခိုးသွင်းခဲ့ပြီး၊ လူသူရှင်းသည့် နံနက်အစောပိုင်းအချိန်များတွင် Tuk-Tuk ကားများဖြင့် စျေးဝယ်စင်တာအတွင်းသို့ စနစ်တကျ သယ်ယူပို့ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဉာဏမူပိုင်ခွင့်ဆိုင်ရာ ပုံရိပ်ကိုမြှင့်တင်ရန်နှင့် စားသုံးသူဘေးကင်းစေရန်အတွက် ယခုကဲ့သို့ အဓိကကွန်ရက် ၅ ခုကို ပစ်မှတ်ထားနှိမ်နင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Mar 25 • 6:16 AM
Thailand
Local News
Share
| 9 | 0 | 0 | 0 |


