ထိုင်းနိုင်ငံအတွင်း ထိုင်းလူမျိုးအမည်ခံ၍ နိုင်ငံခြားသားများ စီးပွားရေးလုပ်ကိုင်နေမှုကို တားဆီးရန် စည်းမျဉ်းအသစ်များကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်ကာ ကျင့်သုံးတော့မည်ဖြစ်ကြောင်း အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Lalida Pertviwatana က မတ်လ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ စည်းမျဉ်းသစ်အရ ကုမ္ပဏီဒါရိုက်တာများသည် ရှယ်ယာရှင်အားလုံးမှာ ကိုယ်ပိုင်ငွေဖြင့် အမှန်တကယ်ရင်းနှီးမြှုပ်နှံထားသူများဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံချက်ပေးရမည်ဖြစ်ပြီး၊ သံသယဖြစ်ဖွယ်စာရင်းများကို ဗဟိုစုံစမ်းရေးရဲဌာန (CIB) ထံ ပေးပို့စစ်ဆေးသွားမည်ဖြစ်သည်။ အထူးသဖြင့် ချောင်ဘူရီ၊ ချင်းမိုင်၊ ဖူးခက်နှင့် ခရာဘီ စသည့် ခရီးသွားလုပ်ငန်းအခြေစိုက်ရာ ဒေသများကို အဓိကစောင့်ကြည့်စစ်ဆေးမည်ဖြစ်ကာ အချက်အလက်အမှားပေးပါက ထောင်ဒဏ်၊ ငွေဒဏ်များအပြင် ရာဇဝတ်မှုဖြင့်ပါ အရေးယူခံရမည်ဖြစ်သည်။ လက်ရှိတွင် နိုင်ငံခြားသားရှယ်ယာ ၄၉.၉၉ ရာခိုင်နှုန်းအောက် ပါဝင်သည့် ကုမ္ပဏီပေါင်း ၁၁၈,၀၀၀ ကျော်ရှိနေပြီး တရားမျှတသည့် စီးပွားရေးယှဉ်ပြိုင်မှုဖြစ်စေရန် ယခုကဲ့သို့ အလေးအနက်ထား နှိမ်နင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံသားအမည်ခံ နိုင်ငံခြားသားပိုင်လုပ်ငန်းများကို ဧပြီ ၁ ရက်မှစ၍ စည်းမျဉ်းအသစ်များဖြင့် တင်းကျပ်စွာနှိမ်နင်းမည်
Mar 25 • 6:15 AM
Thailand
Local News
Share
| 10 | 0 | 0 | 0 |


