back

ရာမညအသင်း ဖျက်သိမ်းကြောင်း အသင်းပိုင်ရှင် ကြေညာ

Mar 25 • 6:00 AM

breaking-news

Myanmar

Local

breaking-news
cover

ရာမညအသင်း ဖျက်သိမ်းကြောင်း အသင်းပိုင်ရှင် ကြေညာ

မြန်မာနေရှင်နယ်လိဂ်-၁ ကနေ လိဂ်-၂ ကို တန်းဆင်းခဲ့ရတဲ့ ရာမညယူနိုက်တက်အသင်းကို တရားဝင်ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အသင်းပိုင်ရှင် ဦးသင်းမောင်စိုးက လူမှုကွန်ရက်စာမ...

မြန်မာနေရှင်နယ်လိဂ်-၁ ကနေ လိဂ်-၂ ကို တန်းဆင်းခဲ့ရတဲ့ ရာမညယူနိုက်တက်အသင်းကို တရားဝင်ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အသင်းပိုင်ရှင် ဦးသင်းမောင်စိုးက လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နည်းပြတွေနဲ့ ကစားသမားတွေအတွက် ပေးချေရမယ့် လစာအားလုံးကိုလည်း ပေးချေပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ရာမညယူနိုက်တက်အသင်းကို ၂၀၂၄ မှာ စတင်တည်ထောင်ပြီးနောက် မြန်မာနေရှင်နယ်လိဂ်-၂မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ အဆင့်(၃) နဲ့ ရာသီသိမ်းခဲ့ပြီး အဆင့်(၁) နဲ့ (၂) က အသင်းတွေဖြစ်တဲ့ ချင်းလန်းနဲ့ တက္ကသိုလ်အသင်းတို့ တန်းတက်မကစားတဲ့အတွက် ရာမညအသင်း လိဂ်-၁ ကို တန်းတက် ကစားခဲ့ပါတယ်။

၂၀၂၅-၂၆ ဘောလုံးရာသီမှာတော့ ရာမညယူနိုက်တက်အသင်းအနေနဲ့ လိဂ်-၁ မှာ နိုင်ပွဲ တစ်ပွဲသာရခဲ့ပြီး သုံးပွဲသရေ၊ ၁၈ပွဲ ရှုံးရလဒ်နဲ့ လိဂ်-၂ ကို တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။


news-view-count-icon

21