မန်ယူအသင်းဟာ ပရိသတ်(၁၀၀,၀၀၀) ဝင်ဆံ့မယ့် ကွင်းသစ်ကို လာမယ့်(၆)နှစ်အတွင်း ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။မန်ယူအသင်းကို ဗြိတိန်လုပ်ငန်းရှင် ဆာဂျင်ရက်ကလစ်ဖ်က ၂၀၂၄ ခုနှစ်မှာ ရှယ်ယာရှင်တစ်ဦးအဖြစ် ဝင်ရောက်လာခဲ့ပြီးတဲ့နောက် ကွင်းသစ်တည်ဆောက်ဖို့ စီစဉ်လာခဲ့တာဖြစ်ပြီး ပေါင်(၂)ဘီလီယံဝန်းကျင် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။မန်ယူအသင်း လက်ရှိအသုံးပြုနေတဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းက ပရိသတ်(၇၄,၀၀၀)ဝန်းကျင်သာ ဝင်ဆံ့ပြီး ပရိသတ်အများစုက လက်ရှိကွင်းကို မွမ်းမံအဆင့်မြှင့်ဖို့ထက် ကွင်းသစ်တည်ဆောက်ဖို့ကို မဲပေးခဲ့ကြကြောင်း သိရပါတယ်။မန်ယူအသင်းက ကွင်းသစ်တည်ဆောက်မှုကို လက်ရှိအချိန်အထိ အစပြုရခြင်းမရှိသေးပေမဲ့ လာမယ့် ၂၀၃၀-၃၁ ရာသီမှာ အသုံးပြုနိုင်ဖို့ ရည်မှန်းထားပြီး အဲဒီလို ဖြစ်မလာခဲ့ရင်တောင် (၆)နှစ်အတွင်း ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။မန်ယူအသင်းက ၂၀၃၅ ခုနှစ်မှာ ကျင်းပမယ့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ကွင်းသစ်မှာ လက်ခံကျင်းပခွင့်ရရှိဖို့ မျှော်လင့်နေကြောင်းလည်း သိရပါတယ်။၂၀၃၅ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို အင်္ဂလန်၊ မြောက်အိုင်ယာလန်၊ စကော့တလန်နဲ့ ဝေးလ်စ်တို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားပါတယ်။



