back

ထိုင်းနိုင်ငံ ၊ ချင်းမိုင်တွင် ဘူတာ ၅ ခုပါဝင်သည့် လျှပ်စစ်ဓာတ်ရထား ပြေးဆွဲမည်

Mar 25 • 4:24 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ ၊ ချင်းမိုင်တွင် ဘူတာ ၅ ခုပါဝင်သည့် လျှပ်စစ်ဓာတ်ရထား ပြေးဆွဲမည်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မယ့်ဟီယာ (Mae Hia) လမ်းဆုံမှ ရာဂျာဖရတ် (Rajapruek) ပန်းခြံအထိ ၅ ကီလိုမီတာ ရှည်လျားမည့် "လိုင်းနီ" (Red Line) လျှပ်စစ်ဓာတ်ရထား...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မယ့်ဟီယာ (Mae Hia) လမ်းဆုံမှ ရာဂျာဖရတ် (Rajapruek) ပန်းခြံအထိ ၅ ကီလိုမီတာ ရှည်လျားမည့် "လိုင်းနီ" (Red Line) လျှပ်စစ်ဓာတ်ရထားစီမံကိန်းကို ထိုင်းနိုင်ငံ အမြန်လမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (MRTA) က အတည်ပြုထုတ်ပြန်လိုက်သည်။ အဆိုပါစီမံကိန်းတွင် ဘန်ဒွန်ပင်၊ ရာဂျာဖရတ်လမ်းဆုံ၊ ဘန်အေးအာသွန်၊ ရာဂျာဖရတ်လမ်းခွဲနှင့် ရာဂျာဖရတ်တော်ဝင်ပန်းခြံ ဟူ၍ ဘူတာ ၅ ခု ပါဝင်မည်ဖြစ်သည်။ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းရင်းနှီးမြှုပ်နှံမှု (PPP) စနစ်ဖြင့် အကောင်အထည်ဖော်မည့် ဤစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီကို ၂၀၂၇ ခုနှစ်တွင် ရွေးချယ်မည်ဖြစ်ပြီး၊ ၂၀၂၈ မှ ၂၀၃၁ ခုနှစ်အထိ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ၂၀၃၂ ခုနှစ်တွင် စတင်ပြေးဆွဲရန် လျာထားကြောင်း သိရှိရပါသည်။

news-view-count-icon

7