မွန်ပြည်နယ်တွင် စက်သုံးဆီ ဝယ်ယူသုံးစွဲမှု ကန့်သတ်လိုက်ပြီးနောက် ပြင်ပမှောင်ခိုစျေးကွက် တွင်ကျယ်လာပြီး လက်ရှိတွင် ဆီတစ်လီတာလျှင် ကျပ် ၁၅,၀၀၀ နှင့် ၂၀,၀၀၀ အကြားအထိ ရောင်းဝယ်နေကြကြောင်း သုံးစွဲသူများထံမှ သိရသည်။စက်သုံးဆီ ပြတ်လပ်ပြီး ဝယ်ယူရ ခက်ခဲလာသဖြင့် သုံးစွဲသူများသည် ပြင်ပမှောင်ခိုစျေးကွက်ကို ပိုမိုအာကိုးလာရကြောင်း ၎င်းတို့က ပြောသည်။ အရောင်းဆိုင်အချို့ကလည်း စျေးပိုရသည့် မှောင်ခိုစျေးကွက်ကို ရောင်းချပေးနေသည့်အတွက် ဆိုင်တွင် ဆီပြတ်လပ်ပြီး တန်းစီစောင့်ဆိုင်းသူများ ဝယ်မရဘဲ ဖြစ်နေကြောင်း သုံးစွဲသူ ဒေသခံများက ဆိုသည်။



